Web design trend တွေဆိုတာ အမြဲပြောင်းလဲနေပြီး၊ web design တခု ဖန်တီးဖို့ဆိုတာ creativity အလွန်လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ website တခုဖြစ်ပေါ်လာဖို့ web design မရှိပဲမရပါဘူး။ website ကောင်း တခုရဲ့ အစဟာ web design ဖြစ်ပြီး၊ web design ကောင်းတခုရဲ့အစဟာတော့ inspiration ကောင်းပဲဖြစ်ပါတယ်။ Inspiration ယူတယ်ဆိုတာ website ကောင်းတခုရဲ့ ကိုယ်သဘောကျတဲ့ ကောင်းနိုးရာရာ အပိုင်းလေးတွေကိုဆွဲထုတ်၊ အဲ့တာတွေကို foundation အနေနဲ့ထား၊ အဲ့ foundation ပေါ်မှာ ကိုယ့် design aesthetic နဲ့ ပြန်လည် innovate လုပ်ပြီး authentic ဖြစ်တဲ့ design တခုကိုရေးဆွဲတာဖြစ်ပါတယ်။ တခြား web designer တွေဆွဲထားတဲ့ အကောင်းမွန်ဆုံးသော website တွေကို ကိုယ့်ရဲ့ web design ထဲမှာ ပြန်ကူးထည့်တာ၊ တနည်းအားဖြင့် copy လုပ်တာဟာ inspiration ယူတာမဟုတ်ပါဘူး။ အဲ့တာဟာ တခြားသူရဲ့ design ကို ခိုးယူခြင်းသာဖြစ်ပါတယ်။ How to? Digital designer အများစုဟာ design inspiration အတွက် Dribbble နဲ့ Behance တို့လို website တွေကနေ inspiration ယူကြပါတယ်။ ဒီ website တွေဟာ ကောင်းမွန်တဲ့ option တွေဖြစ်ပေမယ့်၊ web design အတွက်ဆိုရင် ပို specialized ဖြစ်ပြီး၊ ပိုမိုကောင်းမွန်တဲ့ alternative တွေရှိပါတယ်။ အဲ့ alternative တွေထဲကမှ ကျွန်တော် web design အတွက် inspiration ယူနေကျ website သုံးခုကို အောက်မှာဖော်ပြပေးထားပါတယ်။
June 20, 2023
Awwwards ကတော့ creative အဖြစ်ဆုံး website တွေကို ရွေးချယ်ပြီး ဆုတွေပေးတဲ့ organization တခုပဲဖြစ်ပါတယ်။ Awwwards website မှာဆိုရင်တော့ nominees ဖြစ်ထားတဲ့ website တွေသာမကပဲ ၀င်ပြိုင်ထားသမျှ website တွေကို showcase လုပ်ပြီး ပြသထားပါတယ်။ အဲ့တာအပြင် website တခုလုံးသာမက element တွေ၊ section တွေ အနေနဲ့ပါ ခွဲပြီး search လုပ်လို့ရသေးတာမို့လို့ inspiration ယူဖို့အတွက် တော်တော်လေးကောင်းတဲ့ website တခုပဲဖြစ်ပါတယ်။
CSS Design Awards ကလဲ Awwwards လိုပဲ creative အဖြစ်ဆုံး website တွေကို ရွေးချယ်ပြီး တနေ့တခါ ရွေးချယ် ဆုပေးတဲ့ website တခုပဲဖြစ်ပါတယ်။ Awwwards နဲ့ နည်းနည်းလေးကွဲသွားတာကတော့ CSS Design Awards မှာ element တွေ၊ section တွေနဲ့ ခွဲရှာလို့မရတာပါ။ ဒါပေမယ့် feature တွေ၊ industry တွေ၊ color တွေနဲ့ filter လုပ်လို့ရတဲ့အတွက်ကြောင့် search filter ပိုင်းမှာ Awwwards ထက်ပိုသာပါတယ်။
Savee It
Savee.it ကတော့ creative website တွေကို showcase လုပ်ပြထားတဲ့ website မျိုးတော့မဟုတ်ပါဘူး။ Savee.it ဟာ အရှင်းဆုံးပြောရရင် digital designer တွေအတွက် Pinterest ပါပဲ။ ကျွန်တော်ကတော့ Savee.it ကို font inspiration နဲ့ color inspiration အတွက်အသုံးပြုပါတယ်။
ဒီ website သုံးခုက ကျွန်တော် web design inspiration အတွက် သုံးနေကျ website တွေပါ။ Web design တွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကြီးကြီးမားမားပြောင်းလဲနေပါပြီ။ Ordinary website တွေအစား creative modern website တွေဟာ နေရာ၀င်ယူလာနေကြပါပြီ။ ကျွန်တော်တို့နိုင်ငံလို third world country တွေမှာတော့ client တွေရဲ့ အကြိုက်ဟာ ပြောင်းလဲလာဖို့ တော်တော်ကြာပါအုံးမယ်။ Client တွေရဲ့အကြိုက်ပြောင်းလဲလာသည့်တိုင် ordinary website တွေရဲ့ နေရာကတော့ ရှိနေအုံးမှာပါပဲ။ ဥပမာ E commerce လို website တွေမှာဆိုရင် creativity ထက် user experience ကပိုအရေးကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ web designer တွေ၊ web developer တွေဟာ လက်ရှိ web design trend တွေနဲ့ keep up မလုပ်နိုင်ဘူးဆိုရင် အရာရာဟာနောက်ကျပြီးကျန်နေခဲ့အုံးမှာပါပဲ။ အခုတောင် အနည်းငယ်နောက်ကျကျန်နေခဲ့ပြီလို့ ပြောလို့ရပါတယ်။ Client တွေအနေနဲ့လဲ web designer တွေရဲ့ creativity ကိုအပြည့်အ၀အသုံးပြုခွင့်ပေးကြပါစေလို့ ဆန္ဒပြုရင်း နောက် content တွေမှာပြန်တွေ့ကြပါမယ်။